Saturday, January 10, 2015

Samsung IMEI ရေးနည်း

Samsung Galaxy-S4-S3-Note2

အစရှိတဲ့ ဖုန်း​တွေကို Rom အတင်​အချ လုပ်​လို့ပဲဖြစ်​ဖြစ်​၊Caustom Rom
တင်​တာပဲဖြစ်​ဖြစ်​၊Upgrade/Downgrade လုပ်​တာပဲဖြစ်​ဖြစ်​၊ကလိလိုက်​တာ
များလို့ပဲဖြစ်​ဖြစ်​၊ဘယ်​လိုအ​ကြောင်းအမျိုးမျိုးနဲ့ပဲဖြစ်​ဖြစ်
ပေါ့ဗျာ၊IMEI Code ​ပျောက်​ထွက်​သွားပြီး ဖုန်းဆက်​လို့မရ net error
ဖြစ်​​နေတဲ့အဖြစ်​မျိုးနဲ့ကြုံ​တွေ့​နေရတဲ့
အခါမျိုးမှာဖုန်းပြန်ပြောလိုရအောင်လုပ်တဲ့

နည်း ​ပျောက်​​နေတဲ့ IMEI Code ပြန်​ထည့်​သွင်း​ပေးမယ့်​ နည်း​လေးကို post အဖြစ်​တင်​​ပေးလိုက်​ပါတယ်​။

ကျုပ်​ကိုယ်​တိုင်​လည်း ဖြစ်​ခဲ့ဘူးပါတယ်​။

S3 I9300 ကို offi 4.2.2 တင်​လိုက်​တာ IMEI လွင့်​ထွက်​သွားပြီး
ဖုန်းပါဆက်​မရတဲ့ net error မျိုး
ကြုံခဲ့ဖူးပါတယ်​။တိုင်​ပွတ်​ရုံတင်​မကဘူး
တိုင်​ပါကျိုးတဲ့အဖြစ်​မျိုး​ပေါ့ဗျာ။



အဲ ကျုပ်​လိုအဖြစ်​မျိုးကြုံ​နေတဲ့သူ​တွေ အဆင်​​ပြေပြီး
တိုင်​ပွတ်​မ​နေ​အောင်​လို့ ရည်​ရွယ်​ချက်​နဲ့ ဒီ post ​လေးကို
တင်​ဖြစ်​သွားတာပါပဲ။

Samsung Galaxy S4/S3/Note2 ဒီဖုန်းသုံးမျိုးအတွက်​ပါပဲ။ပြုလုပ်​ပုံနည်းက

တော့ လွယ်​ပါတယ်​။computer laptop တစ်​လုံး​လောက်​ရှိထားဖို့​တော့ လိုတာ​ပေါ့​နော်​။သူ့ရဲ့

လုပ်ပုံလုပ်နည်းလေးကတော့ Odin ထဲကနေပြီးတော့ သူ့ ဖုန်း Model နဲ့ ဆိုင်တဲ့ Tar ဖိုင်လေးတွေကို PDA နေရာမှာထားပြီး

Start ခလုတ်​ကို click နှိပ်​ပေးလိုက်ယုံ​လေးပါပဲ။
Auto Power ပြန်တက်လာရင်
အဆင်ပြေသွားပါပြီ။ပြီးရင် ဖုန်းကို Power ပြန်ပိတ်ပြီး Recovery ထဲဝင်ကာ
Restart ပြန်ချပေးလိုက်ပါ။အားလုံးလုပ်ပြီးသွားပြီးဆိုပါက ဖုန်းထဲကို Sim
Card ထဲပြီးဖုန်းဆက်​လို့ ​ပြောလို့ ​ငွေစစ်​လို့ရသွားပါပြီ။IMEI Code
လည်းပြန်မှန်သွားမှာ ဖြစ်​ပါတယ်​။ကဲ လိုအပ်​တဲ့ ​ဒေါင်းရမယ့်​ file
တွေကို ​အောက်​မှာ လင့်​ခ်​​တွေချ​ပေးလိုက်​ပါတယ်​။
★ Odin3-v3.04 အား​ဒေါင်းရန်လင့်များ​★

1 comment:

  1. Gt-i8190n အတွက်​တင်​​ပေးပါဦး

    ReplyDelete