Thursday, January 29, 2015

ရခိုင်(အိုင်တီနန်းတော်): Facebook အကောင့် Lock ကျနေသလား ဒီလိုပြန်ယူလိုက်ပါ

ရခိုင်(အိုင်တီနန်းတော်): Facebook အကောင့် Lock ကျနေသလား ဒီလိုပြန်ယူလိုက်ပါ: မြန်မာနိုင်ငံသား Facebook User တွေအနေနဲ့ ကိုယ့်ရဲ့အကောင့်လေး လော့ကျပြီး ဖုန်းနံပါတ် အတောင်းခံရပြီဆိုရင် အဲဒီအကောင့်ကို ဆုံးရှုံးသွားပြီလိ...

ရခိုင်(အိုင်တီနန်းတော်): IDM Fake Serial ဖြစ်နေခြင်းကို ဘယ်လိုဖြေရှင်မလဲ

ရခိုင်(အိုင်တီနန်းတော်): IDM Fake Serial ဖြစ်နေခြင်းကို ဘယ်လိုဖြေရှင်မလဲ: ဒီတခါတော့ ပို့စ် မဟုတ်ပဲ နည်းပညာ ပိုင်းနဲ့ ဆက်နွယ်တဲ့ IDM Fake Serial ဖြစ်နေခြင်းကို ဘယ်လိုဖြေရှင်မလဲ ဆိုတာလေးကို အနည်းငယ် ပြောပြချင်ပ...

Wednesday, January 28, 2015

Pyae Phyo (MMiTD): ♪ လေ့လာထားသင့်တဲ့ - Mobile Question And Answer ♫

Pyae Phyo (MMiTD): ♪ လေ့လာထားသင့်တဲ့ - Mobile Question And Answer ♫: Q.cloud lock ဆိုတာဘာကိုပြောတာလဲ။ပြီးတော့ ခုတလော အရမ်းခေတ်စားနေတဲ့ အဲ့ဒီ i clock lock ဆိုတာကြီးကိုရောဖြည် လို့ ရမလား...

1-Click Mobile Service & Training : Huawei Y310-T10 Backlight

1-Click Mobile Service & Training : Huawei Y310-T10 Backlight:  Credit to >>> Ko Aung Huawei Y310-T10 လေးတစ်လုံးရေ၀င်ထားတဲ့အလုံးလေးပါ။ Back light မလာပါ။စစ်ကြည့်လိုက်တော့ boot coil ဘေးနား...

1-Click Mobile Service & Training : Huawei & CoolPad LCD ပြသနာ

1-Click Mobile Service & Training : Huawei & CoolPad LCD ပြသနာ: HUAWEI ဖုန်းတွေနဲ့  COOLPADဖုန်းတွေမှာ 25 pin connector တွေရှော့ဖြစ်ရင် display ပျောက်တာတို့ ၊ပါဝါသေတာတို့ ဖြစ်တတ်ပါတယ်။ဒီလိုဖြစ်ရင် c...

1-Click Mobile Service & Training : Huawei phone တွေမှာ အဖြစ်များတဲ့ backlight error

1-Click Mobile Service & Training : Huawei phone တွေမှာ အဖြစ်များတဲ့ backlight error: Huawei phone တွေမှာ အဖြစ်များတဲ့ backlight error လေးအကြောင်း သိသလောက် ပြောပြချင်ပါတယ် မသိသေးတဲ့ ညီငယ်လေးတွေအတွက်ပါ backlight ic အလုပ်လုပ...

Monday, January 26, 2015

MMDT: boot.img, recovery.img, system.img စတာတွေကို backu...

MMDT: boot.img, recovery.img, system.img စတာတွေကို backu...: တစ်ခြားဟာတွေတော့ မရှင်းပြတော့ဘူး recovery.img stock recovery ကဘယ်လိုအရေးကြီးလဲဆိုတာ p1 user တွေဆိုကောင်းကောင်းသိတယ်နော် :P အဲ့လိုပဲ တစ်ခြ...

MMDT: boot.img, recovery.img, system.img စတာတွေကို backu...

MMDT: boot.img, recovery.img, system.img စတာတွေကို backu...: တစ်ခြားဟာတွေတော့ မရှင်းပြတော့ဘူး recovery.img stock recovery ကဘယ်လိုအရေးကြီးလဲဆိုတာ p1 user တွေဆိုကောင်းကောင်းသိတယ်နော် :P အဲ့လိုပဲ တစ်ခြ...

Tuesday, January 13, 2015

coolpad5109

coolpad 5109လေးပါ pa ic လှဲတယ် 1x ဘဲပေါ်တယ်  ဒါနဲ့ လိုက်စစ်တာပေါ့ ဘယ်ရမှလဲ တွေ့ ပြီး ဘယ်ဆိုင်ကကလိထားလဲမသိဘူး antina အောက်မှာပတ်လမ်းတွေ ပျေက်နေတယ်လေ ဒါနဲ့ jumpa ပေါ့ 1x ရော 3g ရောတက်လာတယ်ဗျာ

8825

http://www.google.com.mm/search?q=y535+pcb+diagram&client=ms-android-samsung&hl=en-GB&source=android-browser-type&tbm=isch&tbo=u&source=univ&sa=X&ei=Aoe1VMXtNJCyuATT-YGoDw&ved=0CEYQ7Ak

Pattern Lock ကျနေတဲ့ တရုတ် ဖုန်းတွေ အတွက်ပါ Factory Reset .pac ဖိုင်လေပါ

Research Download နဲ့ ဆော်ရတာပါ အရင်Tool တွေနဲ့ အတူတူပါဘဲ

Down လိုရလာတဲ့ (*.pac) ဖိုင်လေကိုရွှေပေးလိုက်ရင်ရပါပီး

သူငယ်ချင် တယောက်ဆီကရတာပါ

ကျွန်တော်စမ်းတာအဆင်ပြေပါတယ် အာလုံးရမယ်လိုတော့ မဆိုလိုပါဘူးနော်

အများအားဖြင့်တော့ အဆင်ပြေပါတယ်

:P :P :P

Download Link : http://db.tt/ZUm0lqE2

MTK Devices တွေကို Firmware back-up ယူနည်း



Mtk phone တွေမှာ firmware ဒေါင်းရတာ ဆရာသမားတွေ အတွက် လွယ်ပေမဲ့
ကျန်တော်တို့ Learning Users တွေ အတွက်တော့ မလွယ်ပါဘူး ။
ဒီလိုဆို Root ဖေါက်လို့ ပဲ ဖြစ်ဖြစ် ၊ မြန်မာ Font သွင်းလိုက်လို့ ပဲ ဖြစ်ဖြစ်
Firmare ကျသွားတဲ့ အချိန်ဆို ရင် နားကား ပြီပေါ့ ။
အဲ့ဒါတွေ မလုပ်ခင် အရင် ဆုံး firmware back up ယူလိုက်တာပေါ့
မောင်ရှိန်းတို့ လေရှည်နေပြီ လို့တော့ မပြောနဲ့ ဗျာ ။ ခ်ခ်



လိုအပ်တာလေးတွေ အရင် ဒေါင်းလိုက်ပါ။
ပြီးရင် Driver ကို Install လုပ်လိုက်ပါ။
 Driver  >>>>>  GE.TT  
                                                SOLIDFILES  

MTK Driod Tools v2.53 >>>  MEDIAFIRE  
                                                                               SOLIDFILES  

 ၁. Mtk Driod Tools ကို Destop ပေါ်မှာ Folder တခုဆောက်ပြီး အဲ့ဒီမှာ ဖြည့်လိုက်ပါ။
ပြီး Mtk Driod Tools exe File ကို Right Click ထောက်ပြီး Run as administrator ကို Click ပြီး
Run လိုက်ပါ။


၂. Program ရဲ့ အောက်ဘက်မှာ ၀ါနေပါလိမ့်မယ် ။
ADB Terminal ဘေးက Root ဆိုတာ နှိပ်လိုက်မှာ အောက်က ပုံအတိုင်း
စိမ်းသွားမှာ ဖြစ်ပါတယ် ။
(ကျန်တော်က လုပ်ဖူးပြီးသား မဟုတ်လို့ တန်းပြီး စိမ်းနေလို့ ဒီအဆင့်တွေ မပြနိုင်တာပါ)


၃. ပြီးရင် Root, back up , recovery ဆိုတဲ့ tab ကိုနှိပ်ပါ။


၎. ပြီးရင် back up  ဆိုတဲ့ Button ကို Click လိုက်ပါ။
ဒီကောင်စပြီး back up လုပ်ပါ လိမ့်မယ် ။


ပြီးရင် ဘေးနားက message Box အောက်ဆုံးမှာ Complete လို့ပြရင် back up လုပ်တာ ပြီးသွားပါပြီ။

back up ထုတ်ထားတဲ့ File တွေကို mtk Driod Tools ဖြည့်တဲ့ folder မှာ back up ဆိုပြီး
Folder မှာ ရှိပါတယ် ။

Huawei Phone Update.app ကိုခွဲထုတ်နည်း ...

U9200 Ascend P1 တွေ U9500 တွေက firmware ကို Build no ကိုက်ပဲ အတက်အဆင်း လုပ်မရတာများပါတယ်။
ကဲဒီတော့ ကျွန်တော်တို့ အဲ့ကောင်တွေကို အတက်အဆင်းလုပ်ကြည့်ရအောင်ဗျာနော် :D
အဆင့်တွေတော့များတယ်ဗျာ နည်းနည်းလေး သေသေချာချာလိုက်လုပ်လိုက်ရင် တင်လို့ရပါပီ။
ပထမဆုံးလိုအပ်တာကတော့ build prop လေးပါ အဲ့ကောင်လေးအရင်ခွဲပြမယ်နော်။
ပထမဆုံးလိုအပ်တဲ့ software လေး Active Perl လေးကိုဒေါင်း လိုက်ပါ မိမိ computer version အလိုက်
Download Here



ပီးရင် အဲ့ကောင်လေးကို computer မှာ run ထားလိုက်ပါ။














နောက်ထပ်ဒီ zip folder လေးကိုထပ်ဒေါင်းပေးပါ။

Download Here

ရလာတဲ့ folder လေးကို zip ဖြည်လိုက်ပါ။ အထဲမှာ ဖိုင်လေး သုံးခုပါပါတယ်
split update.pl ရယ် Huawei Finder ရယ် EXT4 unpacker ရယ်ဆိုပီး ပါပါတယ်။

ကဲစပီ firmware စတင်ကြမယ် ။
မိမိတင်ချင်တဲ့ firmware ထဲမှာပါတဲ့ update.app လေးကို အပေါ်က zip ဖြည်ထားတဲ့ folder လေးထဲမှာ သွားထည့်လိုက်ပါ။


ပီးရင် split updata.pl လေး ကို double click နဲ့ run လိုက်ပါ









 split update.pl လေး run လို့ ပီးရင် cmd box ပျောက်သွားမှာပါ။ folder တစ်ခုအနေနဲ့ output folder လေးတိုးလာတာလည်းမြင်တွေ့ရမှာပါ။

 အဲ့ကောင်ပီးရင် အဲ့ထဲမှာပါတဲ့ Huawei Finder လေးကိုထပ် run လိုက်ပါဦး။

ခုနက output folder မှာ ဖိုင်တွေက .bin တွေမရှိတော့ပဲနဲ့ img တွေချည်းပဲကျန်ခဲ့တာ မြင်တွေ့ရပါလိမ့်မယ်။

 ပီးရင် EXT4 unpacker ကို run လိုက်ပါ။
 ဖိုဒါပုံလေးကိုနှိပ်ပါ။ ပီးရင် system.img ကိုရွေးပေးပါ ခုနက output folder ကနေ

 ရွေးလိုက်ရင် အောက်ကပုံအတိုင်းမြင်တွေ့ရပါမယ်။


 ပုံမှာပြထားတဲ့အတိုင်းအားလုံးကို select မှတ်ပီး Extract လုပ်လိုက်ပါ။ပီးရင် သူက extract လုပ်မဲ့ လမ်းကြောင်းရွှေးခိုင်းပါလိမ့်မယ်။ ရွေးပေးလိုက်ပါ။




 ကဲ ဒါဆိုရင်တော့ update.app ကနေ build prop ခွဲထုတ်ချင်းပီးပါပီ ။
ပီးရင် build prop ကို AIO Flasher သုံးပီး Flash ပါမယ်
လိုအပ်တဲ့ AIO Flasher လေးကို ဒီလင့်မှာဒေါင်းလိုက်ပါ ။
Downloader Here





Build prop editor ထဲဝင်လိုက်ပါ။


 အပေါ်ပုံမှာ import တွေ့မှာပါ ( ပုံက တွေ့တာတင်ထားလို့ပါ) သူဘေးနားက from device နေရာမှာ
from local ကိုရွေးပေးပါ လမ်းကြောင်းရွေးခိုင်းပါလိမ့်မယ် ။ ခုနက update.app ကနေခွဲထုတ်တုန်းက ရလာတဲ့ build prop ကို ညွှန်းပေးလိုက်ပါ။
ပီးရင် open in editor တက်ချက်နှိပ်ပါ။ Save Changes တစ်ချက်နှိပ်ပါ။ ပီးရင်ဖုန်းကို ADB mode ,
ကြိုက်နှစ်သက်ရာ normal mode , fastboot mode , cwm mode အဓိကက ADB သိနေဖို့ပါ
သီပီဆိုရင် flash to Device ကိုနှိပ်လိုက်ပါ ။ flashing flashed Successfully! Reboot to see changes ဆိုတာမြင်ရပါလိမ့်မယ်။ အဲ့လိုမြင်ရပီဆိုရင် Reboot Devices ကို တစ်ချက်နှိပ်ပေးပါ။ ဖုန်းက reboot ကျသွားပါလိမ့်မယ် flashing လုပ်တဲ့ကြာချိန်က second ပိုင်လောက်ပါပဲ ။တစ်ချို့ flashing နဲ့ရပ်နေတတ်ပါတယ်။ အဲ့တာဆိုရင်တော့ driver တွေ ပြန်စစ် ကြိုးတွေ slot တွေပြန်စစ်ပါ။


ကဲအဆုံးသတ်ရအောင် အားလုံးပီးရင်တော့ မိမိ ဆင်းချင် တတ်ချင်တဲ့ firmware ကို အလွယ် တစ်ကူ ဆင်း အလွယ် တစ်ကူ တတ်လို့ရပါပီ ခင်ဗျာ

(အယ်မေ့လို့ recovery တွေကတော့ stock ဖြစ်နေမှရမယ်နော်) အပေါ်မှာ ခွဲထုတ်ကတည်းက recovery.img ဆိုတဲ့ stock img ကြီးပါပီးသားပဲ fastboot ကနေ flash လိုက်ပေါ့ ဟုတ်ဘူးလား :D

Post By Hein Maung

Ref: http://forum.xda-developers.com/showthread.php?t=2315547






Huawei ဖုန်း Step 2 fail ဖြေရှင်းနိုင်မည့် Tool ...


Huawei ဖုန်းများ Firmware ပြန်တင်တဲ့အခါမှာ  SD ကဒ်မကောင်းတာပဲဖြစ်ဖြစ် ၊SDကဒ်ထဲမှာdload ဖိုင်အပြင် အခြားဖိုင်များရှိနေခြင်းဖြစ်ဖြစ်၊ဖုန်းရဲ့ ယခုလက်ရှိ Build number ထက် အသစ်တင်တဲ့ Build number ကနိမ့်နေလို့ပဲဖြစ်ဖြစ် စတဲ့အခါမျိုးတွေမှာ step2 fail ပြတတ်ပါတယ်။အဲဒီ ပြသနာကို ဖြေရှင်းနိုင်ဖို့အတွက် Step 2 fail fix tool လေးထွက်ရှိလာပါတယ်။Huawei ဖုန်းမော်ဒယ် တော်တော်များများကို အသုံးပြုနိုင်တာတွေ့ရပါတယ်။။ဒီ Tool လေးကိုရေးသားပေးသူနဲ့ သက်ဆိုင်သူအားလုံးကို Credit ပေးပါတယ်။အောက်မှာရယူနိုင်ပါတယ်။






Step 2 Update Fail error ဖြေ၇ှုင်၇န် Update.zip file မျာ


G700-U00 update.zip
http://adf.ly/eMncv


t8951 insecureboot ကို update.appနဲ.ပါhttp://www.mediafire.com/download/qqzhkv6alcmlpcu/T8951-insecured-boot.rar



step 2 fail update collections
http://d-h.st/RRV G520(500).rar
http://d-h.st/RHN C8825D.zip
http://d-h.st/NDZ U8825D.zip
http://d-h.st/alC T9200.zip
http://d-h.st/7aE P6(C00).zip
http://d-h.st/N3R G700 U00.zip
http://d-h.st/PIE G610(C00).zip
http://d-h.st/mvh G610 U00.zip
http://d-h.st/ys7 C8813.rar
http://d-h.st/aTl C8813D UPDATE.rar
http://d-h.st/tEe dload(G730).rar
http://d-h.st/fIs y300 0000(step2fails).rar


credit myo ko ko zaw

Saturday, January 10, 2015

Samsung IMEI ရေးနည်း

Samsung Galaxy-S4-S3-Note2

အစရှိတဲ့ ဖုန်း​တွေကို Rom အတင်​အချ လုပ်​လို့ပဲဖြစ်​ဖြစ်​၊Caustom Rom
တင်​တာပဲဖြစ်​ဖြစ်​၊Upgrade/Downgrade လုပ်​တာပဲဖြစ်​ဖြစ်​၊ကလိလိုက်​တာ
များလို့ပဲဖြစ်​ဖြစ်​၊ဘယ်​လိုအ​ကြောင်းအမျိုးမျိုးနဲ့ပဲဖြစ်​ဖြစ်
ပေါ့ဗျာ၊IMEI Code ​ပျောက်​ထွက်​သွားပြီး ဖုန်းဆက်​လို့မရ net error
ဖြစ်​​နေတဲ့အဖြစ်​မျိုးနဲ့ကြုံ​တွေ့​နေရတဲ့
အခါမျိုးမှာဖုန်းပြန်ပြောလိုရအောင်လုပ်တဲ့

နည်း ​ပျောက်​​နေတဲ့ IMEI Code ပြန်​ထည့်​သွင်း​ပေးမယ့်​ နည်း​လေးကို post အဖြစ်​တင်​​ပေးလိုက်​ပါတယ်​။

ကျုပ်​ကိုယ်​တိုင်​လည်း ဖြစ်​ခဲ့ဘူးပါတယ်​။

S3 I9300 ကို offi 4.2.2 တင်​လိုက်​တာ IMEI လွင့်​ထွက်​သွားပြီး
ဖုန်းပါဆက်​မရတဲ့ net error မျိုး
ကြုံခဲ့ဖူးပါတယ်​။တိုင်​ပွတ်​ရုံတင်​မကဘူး
တိုင်​ပါကျိုးတဲ့အဖြစ်​မျိုး​ပေါ့ဗျာ။



အဲ ကျုပ်​လိုအဖြစ်​မျိုးကြုံ​နေတဲ့သူ​တွေ အဆင်​​ပြေပြီး
တိုင်​ပွတ်​မ​နေ​အောင်​လို့ ရည်​ရွယ်​ချက်​နဲ့ ဒီ post ​လေးကို
တင်​ဖြစ်​သွားတာပါပဲ။

Samsung Galaxy S4/S3/Note2 ဒီဖုန်းသုံးမျိုးအတွက်​ပါပဲ။ပြုလုပ်​ပုံနည်းက

တော့ လွယ်​ပါတယ်​။computer laptop တစ်​လုံး​လောက်​ရှိထားဖို့​တော့ လိုတာ​ပေါ့​နော်​။သူ့ရဲ့

လုပ်ပုံလုပ်နည်းလေးကတော့ Odin ထဲကနေပြီးတော့ သူ့ ဖုန်း Model နဲ့ ဆိုင်တဲ့ Tar ဖိုင်လေးတွေကို PDA နေရာမှာထားပြီး

Start ခလုတ်​ကို click နှိပ်​ပေးလိုက်ယုံ​လေးပါပဲ။
Auto Power ပြန်တက်လာရင်
အဆင်ပြေသွားပါပြီ။ပြီးရင် ဖုန်းကို Power ပြန်ပိတ်ပြီး Recovery ထဲဝင်ကာ
Restart ပြန်ချပေးလိုက်ပါ။အားလုံးလုပ်ပြီးသွားပြီးဆိုပါက ဖုန်းထဲကို Sim
Card ထဲပြီးဖုန်းဆက်​လို့ ​ပြောလို့ ​ငွေစစ်​လို့ရသွားပါပြီ။IMEI Code
လည်းပြန်မှန်သွားမှာ ဖြစ်​ပါတယ်​။ကဲ လိုအပ်​တဲ့ ​ဒေါင်းရမယ့်​ file
တွေကို ​အောက်​မှာ လင့်​ခ်​​တွေချ​ပေးလိုက်​ပါတယ်​။
★ Odin3-v3.04 အား​ဒေါင်းရန်လင့်များ​★

recover mode key

Huawei C8500                                   volume up+green+power
Huawei C8500s
Huawei C8600                                   volume up+call+power
Huawei C8650 & C8800 & C8810      volume up+power 
samsung galaxy mini i5570               menu+power
samsung galaxy mini schi559           volume down+left+power
samsung galaxy 5 I5500/I5503        volume up+volume down+home+power
samsung galaxy y    GT S5360          Home Button, Volume Up button and Power
samsung galaxy fit S5670                 MENU + POWER or HOME + Power
samsung galaxy GIO GT-S5660        Home + power and then release power
samsung galaxy ace GT-S5830
samsung galaxy ace plus
samsung galaxy S                              Volume up + Home + Power
samsung galaxy SII                            Volume up + Home + Power
samsung galaxy SIII                           Volume up+ Home + Power
samsung galaxy Nexus                      Volume up+Volume down + Power
samsung galaxy Note                        Volume up + Home + Power
samsung galaxy S plus
samsung galaxy SL 4G
samsung galaxy W
samsung galaxy NoteII        Volume up+Home+Power........ Volume  down
HTC Explorer
HTC sensation 4G
HTC sensation
HTC sensation XE                            power + vol down
HTC sensation XL                            power + vol down
HTC Desire HD                                power + vol down
HTC Desire
HTC Desire S                                   Volume Down+ Power
HTC wilfire S                                   vol down + power
HTC cha cha
Sony Xperia Ray
Sony Ericsson X-8
Sony Ericsson X-10
Huawei U8860,U8661,U8818,C8812                  Volume up+ power

MoMo firmware ရေးနည်း

MOMO9 A-13 FIRMWARE တင်နည်း
Mo Mo 9 A-13 Firmware တင်နည်း

ဒါနည်းကတော့ လူတိုင်းသိပြီးသား ဖြစ်နေလောက်ပါပြီ

MOMO9加强版III(86VS)-A13-4.04-20130510.rar File ကို ဒေါင်းပြီးဖြည်ချလိုက်ရင်

အထဲမှာ livesuit File နဲ့ A13_86VS_M758C1_PL.20130510.img File 2 File ပါဝင်ပါတယ်

ပထမဦးဆုံး livesuit ထဲက LiveSuitPack105_ex.exe ကိုအရင် rum ပါ ပြီးမှ


ployer momo9 firmware update image

 livesuit.exe ကို ဖွင့်ပါ

ployer momo9 firmware update image

ပြီးရင် သူမေးသမျှ မေးခွန်းလေးတွေ ဖြေးပေးပြီး .img File ကို ရွေးပေးပါ

ployer momo9 firmware update image

ထို့နောက်

Dirver တင်ဖို့အတွက် ကျွန်တော် တော်တော် တိုင်ပတ်ခဲ့ပါသေးတယ် ဟိ အသုံးမကြတာလည်း

ပါမှာပေါ့လေ

ပထမ volume up key ကို နှိပ်ထားပြီး usb ကြိုးထိုးလိုက်ပါ ထိုးပြီးတာနဲ့ power key ကို တစ်ချက်ခြင်း ဖြေးဖြေးနိုပ်ပေးလိုက်မှ Driver တောင်းပါတယ် ရှိပြီးသား တင်ပြီးသားဆိုရင်တော့ livesuit က Upgrade Mode ဆိုပြီး ပေါ်လာပါတယ်

ployer momo9 firmware update picture


အဲ့တော့မှ YES, YES, ပေါ့ တင်မှာလား တင်မယ်ပေါ့ loading bar 100% ထိပြည့်သွားပြီဆိုရင်တော့ MOMO9 A13 ကို Firmware တင်ချင်းပြီးဆုံးပါပြီ အဆင်ပြေပါစေ ..။

Huawei Y310 ဖုန်းကို root ဖောက်တာ အခမသင့်ရင်တော့

Huawei Y310 ဖုန်းကို root ဖောက်တာ အခမသင့်ရင်တော့ ကံမကောင်းရင်တော့ တစ်ခါတစ်လေ touch သေတတ်ပါတယ်ခင်ဗျာ။ ညကလည်း သူငယ်ချင်းက လုပ်နေတာ ဆယ်လုံးလောက်ရှိပြီ အသစ်ရောက်လာတဲ့နှစ်လုံး ကို ကစ်လိုက်တာ touch သေသွားတယ်ပြောလို့ ကျွန်တော် ရှားပြီး ပြန်လည်ဝေမျှပေးတာပါ။ နည်းလေးသိထားတော့ သေလဲအရေးစိုက်စရာမလိုတော့ဘူးပေါ့ ရဲရဲလေး လုပ်လို့ရတာပေါ့ ဆိုင်သမားတွေ ဆိုရင်တော့ ဆောင်ထားသင့်ပါတယ်။ လိုအပ်ဒါဒေါင်းပါ့မယ် အမျိုးကြီးမဟုတ်ပါဘူး တစ်မျိုးထဲပါ။

SPREADTRUM ဖုန်းတွေကို pin, patten lock နဲ့Software ကြောင့်ဖြစ်တဲ့ touch screen error ၇ှင်းခြင်း

1.တရုတ်ကလာတဲ့ Spreadtrum phone တွေဟာ cwm recovery ပါရင်တော့ Volume+ နဲ့ power ကိုတွဲနှိပ်ရင် recovery ထဲ ၀င်လို့ရတတ်ပါတယ်(
test modeထဲလည်းရောက်ရင်) အဲဒါမှ မရရင် volume - နဲ့ power ကိုတွဲနှိပ် ပြီး ၅စက္ကန့်လောက်ကြာရင်
logo လေးလည်း တက်လာပြီဆိုရင် vol up ကို ဖိထားလိုက်
လုံးဝမလွတ်နဲ့ recovery ထဲတန်းဝင်သွားလိမ့်မယ်။ ဒါဆိုရင် pin lock ဖြစ်ဖြစ် patten lock ဖြစ်ဖြစ် ဖြုတ်လို့ရပါပြီ

အပေါ်ကနည်းနဲ့တွေနဲ့မှ မရရင်တော့ ResearchDownload tool နဲ့ လုပ်ရမှာပါ အောက်မှာပေးထားတဲ့
ResearchDownload rar ဖိုင် ကို download ဆွဲပြီး ဖြည်လိုက်ရင် အောက်ကပုံလေးအတိုင်းတွေမှာပါ

 Bin ဆိုတဲ့ folder ထဲကို ၀င်လိုက်ရင် အောက်ကပုံအတိုင်း ResearchDownload exe လေးတွေ့မှာပါ

ResearchDownload exe လေးကိုဖွင့်လိုက်ရင်အေက်ကပုံအတိုင်း တွေရမှာပါ
ဘယ်ဘက်အပေါ်ဆုံးက port (စက်သွားပုံ တစ်ခုတည်း)ကိုနှိပ်လိုက်ပြီး SC8810(သို့)Sc8620 Wipe_userdataကိုေ၇ွး လိုက်ပါ

ရွေးပြီး သွားရင် ဘယ်ဘက် ကရေရင် ၃ ခုမြောက် play ကိုနှိပ်လိုက်ပါ ...
ပြီးရင်
Spreadtrum phone ကို power ပိတ်ပြီး battery ဖြုတ်ပါ ပြီးရင် battery ပြန်တပ်ပြီး volume - ကို မလွတ်တမ်း နှိပ်ထားပြီး ကွန်ပြူတာနဲ့ ကြိုးချိတ်လိုက် ရင် ResearchDownload က သူ့အလိုလို phone ကို အလုပ်လုပ် သွားမှာပါ pass ဆိုတဲ့ အစိမ်းရောင်လေးပေါ်ရင် phone နဲ့ computer ကိုချိတ်ထားတဲ့ usb ကြိုးကို ဆွဲဖြုတ်လိုက်ပါ battery ဖြုတ် power on ပြီးပြန်ဖွင့်လိုက်ရင် pin, patten lock နဲ့Software ကြောင့်ဖြစ်တဲ့ touch screen error 0k ပါပြီ..

sim unlock code ကိုတွက်ချက်ပေးမဲ့ 

 sim
unlock code ကိုတွက်ချက်ပေးမဲ့ 
software.....လေးပါ....တန်ဖိုးအရမ်းရှိပါတယ်ခင်ဗျာ....ပုံမှန်ဆိုရင်
ကျွန်တော် တို့ ဦးဏှောက်နဲ့ တော်တော်လေး တွက်ချက် ရမဲ့ အဖြေကို
တစ်ထိုင်တည်း ရှာပေးမဲ့ ဆော့ ဝဲလေးလည်းဖြစ်ပါတယ်.....မိမိတို့ ရဲ
့မိတ်ဆွေတွေကို လည်း အွန်လိုင်းကနေ ဒီ ကောင်လေးကိုအသုံးပြုပြီး အကူအညီပေး
နိုင်ပါပြီ...ပုံမှန်ဆိုရင်တော့  sim unlock လုပ်တာ နိုင်ငံခြား
ဆိုဒ်တွေမှာ ဒေါ်လာ ကိုသောက်သောက် လည်အောင်တောင်းပါတယ်...



.ကျွန်တော်ကတော
့ဖရီးအနေနဲ့ ပြန်လည်မျှဝေထားပါတယ်...အသုံးပြုပုံလေးကို တစ်ခါတည်းပါ
ဖော်ပြပေးထားတာမို့ ....အသုံးပြု လိုတယ်ဆိုရင်
အောက်မှာဒေါင်းလုပ်ယူကြပါ...



လိုအပ်ချက်အနေနဲ့ ကတော့ 
==========================
1 . ROOT လုပ်ထားရပါမယ်။
 2. အရင်ဆုံး sim unlock လုပ်ဖို့ အတွက်
Download Here ကိုဒေါင်းထားရမယ်

3. မိမိတို့  ဖုန်းကို *#06# ကိုနိုပ်ပြီး IMEI နံပါတ်ကိုရှာပေးပါ
 UN LOCK CODE ကိုတွက်ချက်ပုံ
========================= =
Terminal Emulator app ကိုဖွင့် ပြီး
 su [enter]

Samsung Galaxy Ace S5830i ကို Original Firmware ပြန်တင်ကြမယ်....

Samsung Galaxy Ace S5830i ကို Original Firmware ပြန်တင်ကြမယ်....
အခုတခါပြောပြပေးမှာက Samsung Galaxy series ထဲက Galaxy Ace gt s5830i ကို Firmware ပြန်တင်နည်းလေးပါ....ဘာလို့ Firmware ပြန်တင်ရသလဲဆိုတော့...Brick ဖြစ်ပြီး Firmware ဟန်းသွားလို့ပါ...Firmware ဟန်းတယ်ဆိုတာကတော့ ကိုယ်သွင်းလိုက်တဲ့ app သို့ game တခုခုဟာ ကိုယ့်ဖုန်းနဲ့မကိုက်ရင် ဒါမှမဟုတ် Official ထွက်ထားတာမဟုတ်တဲ့ အခြားပြင်ပ Developer တွေရေးထားတဲ့ Custom rom တွေအတင် မှားရင်ပြဲဖစ်ဖြစ်...ပါဝါဖွင့်ရင် Boot logo ကနေမတက်တော့တာကိုပြောတာပါ...ကဲအဲလိုဖြစ်ပြီဆိုရင်တော့........ဖုန်းကသုံးစားလို့မရလို့ခေါင်းမီးတောက်ပါပီ..
အရမ်းချမ်းသာရင်တော့လဲတမျိုးပေါ့နော့်....ပစ်ပြီးအသစ်တလုံးဝယ် ဒါမှမဟုတ် ဆိုင်သွားပြင်မှာပေါ့...
ဖုန်းတလုံးစလုံးသုံးမရအောင်ဖြစ်သွားတဲ့အတွက်...ဆိုင်သွားပြင်ရင်တော့တော်တော်တော့ကုန်မှာပါ....အခုဆိုင်လဲသွား
စရာမလို..လွှင့်ပစ်စရာလဲမလိုတဲ့နည်းပြပေးပါမယ်........

အရင်ဆုံးလိုတာလေးတွေဒေါင်းလိုက်ပါ.....
အင်တာနက်ကွန်နက်ရှင်ကောင်းဖို့တာ့လိုပါမယ်




    ဒေါင်းလို့ရလာတွေအကုန်လုံးကို Desktop ပေါ်မှာ ဖိုင်တခုဆောက်ပြီးထည့်ထားပါ....ဒေါင်းထားတာ zip အကုန်လုံးကိုဖြည်ထားလိုက်ပါ.....Firmware ကိုဖြည်ရင် * password * mod2xtreme.com ထည့်ပါ.
    Driver ကိုကွန်ပြူတာမှာသွင်းထားလိုက်ပါ.....ကဲအဲအဆင့်ပြီးပြီဆိုရင်ဆက်ပါမယ်....

    Download Mode ၀င်ပါမယ်..ဖုန်းကိုပါဝါပိတ်လိုက်ပါ....ဖုန်းက Vol Down+Up ရယ် Power ခလုတ်ရယ်တွဲဖိထားလိုက်ပါ....အောက်ကပုံ ၁ အတိုင်းပေါ်ပါမယ်
     ကွန်ပြူတာနဲ့ချိတ် Vol up တချက်နှိပ်ပေးပါ...ပုံ ၂ ကအတိုင်းပေါ်ပါမည်.....




ပုံ ၃

      Odin ကိုဖွင့်လိုက်ပါ...odin ရဲ့အပေါ်ဘယ်ဘက်နားက ID:COM အကွက်မှာ Odin ကဖုန်းကိုသိကြောင်း အပြာနုရောင်လေးတွေ့ရပါမယ် ပုံ ၃ ကြည့်....မတွေ့သေးရင် Driver သေချာအောင်သွင်းပါ....

     အဲလို Odin ကသိပြီဆိုရင် လိုတာတွေဖြည့်ပါမယ်...

    PIT မှာဒေါင်းထားတဲ့ PIT ဖြည့်ပါ...
    Bootloader အကွက်မှာ DefaultCalDataWithBoot_S5830iXXLB1_REV00.tar.md5
    PDA အကွက်မှာ PDA_S5830IXXLA4_REV00.tar.md5
    Phone အကွက်မှာ MODEM_S5830iXXLA2_REV00.tar.md5
    CSC အကွက်မှာ GT-S5830i-MULTI-CSC-OXXLA2.tar.md5 အသီးသီးဖြည့်လိုက်ပါ....ပုံ ၃

    အပြာဝိုင်းထားတာကို အမှန်မခြစ်ပါနဲ့ခြစ်ထားရင်ဖြုတ်ပါ....ပြီးရင် Start Button လေးနှိပ်လိုက်ပါ...သူဟာသူဆက်လုပ်ပါလိမ့်မယ်..နောက်ဆုံး ID:COM အပေါ်ကအကွက်မှာ PASS ဆိုတာလေးပေါ်လာရင်....အောင်မြင်သွားပါပြီ....ဖုန်း Reboot ဖြစ်ပြီးပြန်တက်လာပါလိမ့်မယ်.... Firmware ပြန်တင်လို့ ပြီးသွားပါပြီ

Samsung Galaxy Note 2 offical firmware 4.1.2 တင်ပြီး root နည်း

Samsung Galaxy Note 2 offical firmware 4.1.2 တင်ပြီး root နည်း



Samsung Galaxy Note 2 GT-I7100 ကို ပထမဦးစွာ official firmware တင်ကြရအောင်

လို့အပ်သော data များကို download ယူပါ

Download link >>  N7100XXDLJ2_N7100OXADLJ2_OXA.zip

Download link >> odin 3.0.4

ပထမ အနေ့နဲ့ စက်ကို အရင်ပိတ်ပါ ပြီးလျှင် firmware ကို zip ဖြည့်ပါ။ N7100XXDLJ2.tar.md5 နဲ့ t03g_0907.pit ဆိုပြီးဖိုင် နှစ် ဖိုင် ထွက်လာပါ လိမ့်မယ်။

odin ကို run ပါ။



ပြီးလျှင် odin မှာ pda နေ့ရာတွင် zip ဖြည့်ထားတဲ့N7100XXDLJ2.tar.md5 ကို ရွေးပါ။

စက်ပိတ်ထားဖုန်းကို volume down + home + power ဆုံနှိပ့်ပါ။ အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်
စက်ပိတ်ထားဖုန်းကို volume down + home + power ဆုံနှိပ့်ပါ။ အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်



ပုံအတိုင်း ပေါ်လာလျှင် volume up ကိုဆက်နှိပ့်ပါ။ အောက်ပါပုံ အတိုင်း downloading moade ပေါ်လာပါလိမ့်မယ်

ပြီး ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ ပြီးလျှင် odin က ဖုန်းကို သိပြီးဆိုတာနဲ့ start နိုပ့်လိုက်ပါ။ အချိန်အနည်းငယ်ကြာပါလိမ့်မယ့် ပြီးလျှင် version 4.1.2 ကိုရောက်ရိုနေ့ပါလိမ့်မယ်။
ကဲ့ ပြီးလျှင် root ကြရအောင်
download >>GT-I7100 root

cwm6-root-n7100.rar ဖြည့်ပါ cwm-root-note2.tar.md5 ဆိုဖိုင်လေးထွက်လာပါလိမ့်မယ်။ စောစောလေးက ဒေါင့်ထားသော odin ထပ် run ပါ pda နေ့ရာမှာ cwm-root-note2.tar.md5 ရွေးပါ ဖုန်းကို  အပေါ်က အတိုင်းပဲ downloading mode ထပ်ဝင်ပါ ပြီးလျှင် odin ကို start လုပ်လိုက်တာနဲ့ root ကော cwn ပါသွင်းပြီးသာ ဖြစ်သွားပါပြီး

Samsung Galaxy S plus ( GT-i9001 ) firmware

 ပထမဦးဆုံး odin.exe file ကို run လိုက်ပါ.
ops - Avies.ops  ကိုထည့်ပါ
one package  မှာ အမှန်ခြစ်ပေးပါ
one package ကိုနှိပ်ပြီး --- Firmware---.tar ထည့်လိုက်ပါ
Phone မှာ dowload mode ခေါ် ကြိုးချိတ်ပါ
Program  box  ရဲ့ com မှာ အ၀ါရောင် လင်းရင် Start နှိပ်ပါ
Passed ဖြစ်သည်အထိစောင့်ပါ
Passed ဖြစ်ရင် Firmware တင်ပြီး သွားပါပြီ။

မှတ်ချက်။ Samsung Phone တွေကို firmware တင်ပြီးတိုင်း  Whipe Cache / Whipe Data တစ်ကြိမ်စီချပေးပါ

Coolpad firmware တင်နည်း

coolpad ဖုန်းတွေဟာ ဖုန်း model တစ်မျိုးကို တင်နည်းတစ်မျိုးလို့ပြောယူရလောက်အောင်ကို firmware တင်နည်းများပြားတဲ့ ဖုန်းတစ်မျိုးဖြစ်ပါတယ်

ကျွန်တော်သိသလောက်တော့ .zip firmware .pac firmware .cpb firmware .txt(scatter) firmware နဲ့ .img(QDL tool) firmware လို့ ငါးမျိုးတော့ကြုံခဲ့ရပြီးပါပြီ

(1) .zip firmwar

အကယ်လို့ သင်ဒေါင်းလိုက်တဲ့firmware က .zip နဲ့ လာမယ် ဖြည်ကြည့်တော့လဲ META_INF BOOT.img recovery.sh တွေတွေကလာပြီဆို official recovery ကနေ update zip ဆိုတာကနေတင်ရမှာပါ

(2)တကယ်လို့ သင်ဒေါင်းလိုက်တဲ့ firmware ကို zip ဖြည်လိုက်လို့ .pac နဲ့ လာပြီဆိုရင် ResearchDownload.exe ကိုသုံးပြီး firmware ပြန်ေ၇းရမှာပါ အသုံးပြုပုံအသေးစိပ်ကိုတော့ http://wenku.baidu.com/view/48df1c57f01dc281e53af008.html မှာလေ့လာနိုင်ပါတယ်

(3)သင့် firmware ဟာ .CPB ဖြစ်နေပြီဆိုရင်တော့ ကိုကလေကချေတင်ထားတဲ့ tool လေးဖြစ်တဲ့ CDS.exe လေးသုံးပြီး firmware restore လုပ်ပေးရမှာပါ အသေးစိပ်ကို https://www.dropbox.com/s/3817sulvn4hc448/Coolpad%20%28Galaygachay%29.pdf?dl=0&m= လင့်က pdf လေးထဲမှာ ဖတ်ရှုနိုင်ပါတယ်

(4)firmware ကိုဖြည်လို့ txt ပါမယ် preloader.bin ပါလာမယ်ဆို ရင်တော့ SP flash tool firmware လို့ သိ၇မှာဖြစ်ပြီး Sp fglash tool ကို အသုံးပြုပြီူ firmware တင်ပေးရမှာပါ အသေးစိပ်ကို http://forum.xda-developers.com/showthread.php?t=1982587 မှာ တစ်ဆင့်ခြင်းရှင်းပြထားပါတယ်

(5)firmware ဖြည်လိုက်လို့ ဖိုင်နှစ်ဖိုင်ကိုတွေ့မယ် တစ်ဖိုင်ထဲမှာ .img တွေပဲရှိနေမယ်ဆိုရင် QDL tool နဲ့ တင်၇မှာဖြစ်ပြီး ဖုန်းကတော့ fastboot အခြေအနေမှာရှိနေ၇မှာပါ https://www.dropbox.com/s/3afa9p330d3uxrz/QDL_Phone3.rar?dl=0 မှာ QDL.exe ကို ဒေါင်းနိုင်ပါတယ်

Friday, January 2, 2015

Samsung SCH-E339 စက်နိုးမှတ်စု
























 









 
 
 
 
 
 
ဖြုတ်ထားတာလေး အစားထိုးဖို့ မရှိဘူးဗျာ။ဒီအတိုင်းပဲ ပေးလိုက်တော့မယ်။

အားလုံးအောင်မြင်ကြပါစေ။