မိုးစက်(Android Service)
Wednesday, May 6, 2015
Sony, Samsung
Sony, Samsung: Flashtool ကို အသုံးပြုပီး Sony Phone တွေကို firmware ပြန်ရေးနည်း Sony android ဖုန်းတွေ Version တင်ချင်တာပဲ ဖြစ်ဖြစ် Buildnumber အသ...
Monday, March 9, 2015
Tuesday, February 17, 2015
Huawei ဖုန်းများ အတွက် Flashing Tool
Huawei ဖုန်းများကို official တင်မယ်ဆိုရင်
dload folder ကို sdcard ထဲထည့်ပြီး update လုပ်ရပါတယ်။
အခုပြောမယ့်နည်းကတော့ bootloader mod ခေါ်လို့ရတဲ့ ဖုန်းတွေအတွက် fastboot
command ဖြင့် firmware တင်နည်းဖြစ်ပါတယ်။ ဒီနည်းဟာ dload ဖိုင်ဖြင့်
တင်လို့မရတဲ့ ဖုန်းများနှင့် sd card slot ပျက်နေတဲ့ဖုန်းများကို
ကယ်တင်ပေးမှာဖြစ်ပါတယ်။
ဒီနည်းမှာတော့ အပိုင်း၂ ပိုင်း ပါဝင်ပါတယ်။
တစ်ပိုင်းကတော့ dload folder ထဲက UPDATE.APP ကို
ခွဲထုတ် ခြင်းနှင့် နောက်တစ်ပိုင်းကတော့ fastboot command ဖြင့် firmware
တင်ခြင်း ဖြစ်ပါတယ်။
လိုအပ်သော ဖိုင်ကို ဒေါင်းပါ >> DOWNLOAD
password>>mrandroid
Tool ကို အသုံးပြုရန် ဒီsoftware ကို install လုပ်ထားရမည်။
- ဒေါင်း၍ ရလာသော HUAWEI Flashing.rar ကို ဖြေချလိုက်ပါ။
- မိမိတွင်ရှိသော dload folder ထဲမှ UPDATE.APP ကို ဖြေချထားသည့် folder ထဲတွင် ထည့်ပါ။
- Runme.exe ကို run လိုက်ပါ။ အောက်ပါအတိုင်းတွေ့ရပါလိမ့်မယ်။
- နံပါတ် ၁ ကတော့ UPDATE.APP ကို ခွဲထုတ်ခြင်းဖြစ်ပါတယ်။ ကိုယ်ခွဲချင်တဲ့ UPDATE.APP ကို ထည့်ပြီး ခွဲထုတ်နိုင်ပါတယ်။
- နံပါတ် ၂ ကတော့ fastboot command ဖြင့် firmware တင်ခြင်းဖြစ်ပါတယ်။ (ဖုန်းကို fastboot mod ၀င်၍ computer ဖြင့် ချိတ်ထားပါ)
- နံပါတ် ၃ ကတော့ ဖုန်းကို reboot လုပ်ရာတွင် သုံးနိုင်ပါတယ်။
- ထွက်ချင်ရင်တော့ e ကို နှိပ်ပြီးထွက်နိုင်ပါတယ်။
Insecure Boot Image ပြုလုပ်နည်း
Insecure Boot Image ပြုလုပ်ပြီး Root လုပ်လို့ရပါတယ် … ။
Insecure ဆိုတာ mount/remount လုပ်ခွင့်ပိတ်ထားတာကို Admin User အနေနဲ့ရအောင် Hack ယူလိုက်တာပါ။
ဒေါင်းထားတဲ့ဖိုင် လေးကို desktop ပေါ်မှာဖြည်လိုက်ပါ။ bootimg.exe လေးရှိတဲ့ ဖိုလ်ဒါထဲကို ကိုယ်ဖြည်ချင်တဲ့ Boot.img လေးထည့်လိုက်ပါ။ ပြီးရင် boot.bat လေးကို ဖွင့်လိုက်ပါ။
၁. boot.img ကိုဖြည်ဖို့ ၁ ကိုရွှေးပေးပါ။ cmd box ထဲကအောက်ကစာသားမျိုးကို ကူးယူထားပါ။ repack boot.img လုပ်ရင်လိုပါလိမ့်မည်။
arguments: [bootimg file]
bootimg file: boot.img
output: kernel[.gz] ramdisk[.gz] second[.gz]
base=0×200000
page_size=2048
name=”"
cmdline=”androidboot.hardware=huawei loglevel=1″
padding_size=2048
ကူးယူပြီးရင် ကီးတစ်ခုခုကိုနှိပ်ပါ။
၂. default.prop ကို edit လုပ်ဖို့ ၂ ကိုရွှေးပေးပါ။ Edit box ထဲက ro.secure=1 ကို ro.secure=0 ပြောင်းပါ။ file ကိုနှိပ်လိုက်ရင် popup menu လေး
ထဲက save ကိုရွှေးပြီး save လိုက်ပါ။ နောက်တကြိမ် file ကိုနှိပ်ပြီး exit ကိုနှိပ်ပြီး Editor မှထွက်လိုက်ပါ။
၃. Boot.img ပြန်ပြီးလုပ်ရအောင်— မူရင်း boot.img ကိုအမည်ပြောင်းထားပါ။
Enter Copied Words: ဆိုတဲ့နေရာမှာ Enter Copied Words:base cmdline page_size padding_size
ဒီလိုလေးထည့်ပါ ဥပမာ Enter Copied Words: 0×200000 “androidboot.hardware=huawei loglevel=1″ 2048 2048
ပြီးရင် ကီးတစ်ခုခုကိုနှိပ်လိုက်ပါ။
အားလုံးပြီးပါပြီ … ။ အဆင်ပြေကြပါစေ … ။
ဒီမှာဒေါင်းပါ ——————–> http://www.mediafire.com/?ppx5nns47dw8izv
Insecure ဆိုတာ mount/remount လုပ်ခွင့်ပိတ်ထားတာကို Admin User အနေနဲ့ရအောင် Hack ယူလိုက်တာပါ။
ဒေါင်းထားတဲ့ဖိုင် လေးကို desktop ပေါ်မှာဖြည်လိုက်ပါ။ bootimg.exe လေးရှိတဲ့ ဖိုလ်ဒါထဲကို ကိုယ်ဖြည်ချင်တဲ့ Boot.img လေးထည့်လိုက်ပါ။ ပြီးရင် boot.bat လေးကို ဖွင့်လိုက်ပါ။
၁. boot.img ကိုဖြည်ဖို့ ၁ ကိုရွှေးပေးပါ။ cmd box ထဲကအောက်ကစာသားမျိုးကို ကူးယူထားပါ။ repack boot.img လုပ်ရင်လိုပါလိမ့်မည်။
arguments: [bootimg file]
bootimg file: boot.img
output: kernel[.gz] ramdisk[.gz] second[.gz]
base=0×200000
page_size=2048
name=”"
cmdline=”androidboot.hardware=huawei loglevel=1″
padding_size=2048
ကူးယူပြီးရင် ကီးတစ်ခုခုကိုနှိပ်ပါ။
၂. default.prop ကို edit လုပ်ဖို့ ၂ ကိုရွှေးပေးပါ။ Edit box ထဲက ro.secure=1 ကို ro.secure=0 ပြောင်းပါ။ file ကိုနှိပ်လိုက်ရင် popup menu လေး
ထဲက save ကိုရွှေးပြီး save လိုက်ပါ။ နောက်တကြိမ် file ကိုနှိပ်ပြီး exit ကိုနှိပ်ပြီး Editor မှထွက်လိုက်ပါ။
၃. Boot.img ပြန်ပြီးလုပ်ရအောင်— မူရင်း boot.img ကိုအမည်ပြောင်းထားပါ။
Enter Copied Words: ဆိုတဲ့နေရာမှာ Enter Copied Words:base cmdline page_size padding_size
ဒီလိုလေးထည့်ပါ ဥပမာ Enter Copied Words: 0×200000 “androidboot.hardware=huawei loglevel=1″ 2048 2048
ပြီးရင် ကီးတစ်ခုခုကိုနှိပ်လိုက်ပါ။
အားလုံးပြီးပါပြီ … ။ အဆင်ပြေကြပါစေ … ။
ဒီမှာဒေါင်းပါ ——————–> http://www.mediafire.com/?ppx5nns47dw8izv
Huawei G730-COO Blue Screen
- ကြာတော့လဲကြာခဲ့ပါပြီ၊ဒါပေမယ့်မသိသေးတဲ့သူလဲရှိနေဆဲမို့  ဆရာသမားတို့ မျက်စိ
နောက်သွားရင်ခွင့်လွတ်ပေးပါခင်ဗျာ
ဒီလိုပါ HUAWEI G730-C00 တွေမှာမဲနယ်ပုံးထဲပြုတ်ကျတဲ့ကိစ္စပါ။
တစ်ချို့ က ပါဝါဖွင့်ပြီး logo ပေါ်ပြီးမှဖြစ်တာပါ။တစ်ချို့ ကြ battery တတ်လိုက်တာနဲ့
ပါဝါတန်းပွင့် ပြီး blue screen တန်းတက်သွားတတ်ပါတယ်။ဒီနေရာမှာပုံစံနှစ်မျိုးကွဲနေ
တာသတိထားထားမိပါတယ်။တကယ်လို့ ပုံမှန်အတိုင်းပါဝါဖွင့်လို့  logo တက်ပြီး ပြာသွားတာဆိုရင် CPU ဘေးမှာ 1.9v,2.5v တွေပုံမှန်ရောက်နေပါမယ်။ အနီရောင်
ကွိုင်လေးပြထားတဲ့နေရာမှာ 1.1v ပျောက်နေတဲ့အတွက် CPU VCC C2 ဗို့ ပျောက်
ပြီးအပြာပြင်ကြီးဖြစ်သွားတာပါ။အဲဒီ VCC C2 ကိုထုတ်ပေးတာက 6335D ဆိုတဲ့အိုင်စီ
သေးသေးလေးပါ။ အဲဒီအိုင်စီလေးမှာပင် ၂၀ ပါပါတယ်။ပင် ၁၁၊၁၂ နဲ့ ၁၉၊၂၀ က
battery ကလာတဲ့3.5v ပေးသွင်းထားပါတယ်။ပင် ၁၊၂၊နဲ့ ၉၊၁၀ ကတော့boot coil
လေးတစ်လုံးခံပြီး CPU အတွက်လိုအပ်တဲ့ 1.1v ကိုထုတ်ပေးပါတယ်။ပင် ၆နဲ့ ပင်၁၇
တွေမှာတော့ r လေးတစ်လုံးစီခံပြီးPMU ကလာတဲ့ 1.9v ကိုပေးသွင်းထားပါတယ်။
ပင်၃၊၄ နဲ့ ၇၊၈ ကတော့ ground ပင်တွေပါ။
ဒီလိုအခြေအနေမှာ 1.1v ပျောက်ရင် PMU ဘေးနားက 1.1v ထွက်တဲ့ကွိုင်လေးတစ်လုံး
ဆီကနေ diode ခံပြီး jumper ကျော်ကြည့်လို့ ရပါတယ်။6335D ကိုလဲကြည့်ရင်လဲရနိင်ပါတယ်။ 610 -C00 တွေမှာလဲဒီအိုင်စီပဲသုံးပါတယ်။
တကယ်လို့  battery တတ်လိုက်တာနဲ့ ပါဝါတန်းတက်တဲ့အလုံးကိုတော့ jumper
ကျော်လို့ မ၇နိင်ပါဘူး။ဒီကောင်တွေဆိုရင် PMU အရင်လဲကြည့်လိုက်ပါ။ပြန်ကောင်းသွား
နိင်ပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ။
Tuesday, February 3, 2015
ဝင်းကမ္ဘာကျော် : Window 7 မှာ Hard Disk ကို Partition ခွဲနည်း /ြ...
ဝင်းကမ္ဘာကျော် : Window 7 မှာ Hard Disk ကို Partition ခွဲနည်း /ြ...: မင်္ဂလာပါ ... သူငယ်ချင်းတစ်ယောက်မေးထားတာလေးကို မသိသေးသူအားလုံးအတွက် မျှဝေလိုက်ပါတယ်... သူမေးထားတာကတော့ Window 7 မှာ Partition ကို ဘယ်လ...
✏Samsung ၊ Iphone ၊ Sony ၊ HTC ဖုန်းကို အစစ်လားအတုလားစစ်ဆေးနည်း✏
-ခုနောက်ပိုင်း Samsung ၊ Iphone ၊ Sony ၊ HTC တဲ့နာမည် ကြီး Brand တွေကိုပုံစံတူခိုးပြီးရောင်းတာတွေ များလာပါတယ်။
အဲ့အတွက်ပုံမှန်ဆိုင်တွေကတော့အတု(clone
)ဟုပြော ရောင်းသလိုရောချတဲ့ဆိုင်တွေလဲရှိပါတယ်။အဲ့အတွက်
စစ်ဆေးနည်းကိုဗဟုသုတအနေနဲ့ပြောပြချင်ပါတယ်။ မိမိသိပြီဆိုရင် မိမိတို့ရဲ့
သယ်ချင်းတွေပါတွေ့မြင် သိရှိရအောင်ကူညီမျှဝေပေးခဲ့ပါနော်။
အရင်တုန်းကပုံစံတူတွေထုတ်ပေမယ့် Java
ဖြစ်တဲ့အတွက် ခွဲခြားရလွယ်သလိုပုံစံမှာလဲကွာခြားမှုရှိပါတယ်။ခုနောက်ပိုင်း
တွင် Clone Android တွေထွက်လာတော့ Brand က လဲ Android ဆို တော့ အတွင်း
ပိုင်း ကို ခွဲ ခြား မရ အောင်တူ လာပါတယ် ။အပြင် ပိုင်း အရလဲ တော်တော် လေး
တူလာပါတယ် ။ ပုံ မှန် ဖုန်း Service သမား အနေ နဲ့ သိ နိုင်သော် လဲ အပြင် လူ
အနေ နဲ့ သို့ လော သို့ လော ဖြစ် စေ ပါတယ်။
အဓိက ကတော့ နိုင်ငံ ခြား မှာ ရောက်နေ တဲ့
မြန်မာ တွေ အတွက်ပါ ။အဲ့ မှာ ဆိုင် တွေ က ဘယ် နှစ် နှစ် အာမခံ ၊ ဗီယက် နမ်
ထုတ် အစစ် စ သဖြင့် လိမ် ရောင်း တာ ကို လက်တွေ့ ခံ ရတဲ့ သူတွေ ကို လဲ တွေ့
ဖူးပါတယ် ။
ခုစစ်ဆေး နည်း ၃ နည်းပြော ပြ ပါမယ် ..
၁။ အမြင် အား ဖြင့် ဆုံး ဖြတ်ခြင်း
ကျန်တာ တွေ ဘယ်လောက်တူတူ ရုပ်ထွက် က တော့ အရောင် က ပုံမှန် ထက် လျော့ ပါတယ် ။
၂။ ကုဒ် နံပတ် များ သုံး စစ်ဆေး ခြင်း
Samsung တွင်သာ
*#1234#
*#0*#
*#1111#
*#1234#
*#0*#
*#1111#
၃။ IMEI ဖြင့် စစ် ဆေးခြင်း ( All Brand )
*#06# ကို နိုပ်ပြီး ဖြစ် စေ ၊ နောက်ဖက် ကျော ဘက် ဓာတ်ခဲ ဖယ်လိုက် ရင် လဲ ကပ် ထား တဲ့ စာထဲ မှာ IMEI ရှိပါတယ် ။
15 လုံးရှိပါတယ် ။အဲ့ နံပတ် ကို မှတ် ပြီး
Android ဖုန်း မှာ စစ်ဆေး နိုင်ရန် IMEI check by MH Application ကို အသုံးပြု ပြီး ဖြစ်စေ
အောက်က လင့် တွင် ကွန်ပြူတာနှင့် ဖြစ် စေ စစ်ဆေး နိုင်ပါတယ် ။
စစ်ဆေးပုံက Enter IMEI number below အောက် က
အကွက် ထဲ တွင် မိမိ ဖုန်း ရဲ့ IMEI နံပတ် ကို ရိုက် ထည့် ပြီး analyse ကို
နှိပ် လိုက်ပါ ။ ဒါဆိုရင် အောက်ပါ ပုံလေးအတိုင်း တွေ့မြင်နိုင်ပါပြီ။
အဆင်ပြေ ကြပါစေ...
Subscribe to:
Posts (Atom)